ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်သာမက အခြားထောက်ပံ့ရေးပစ္စည်းများကိုပါ ပေးပို့ကူညီပေးလျက်ရှိတဲ့ Htun Nay Wun Thitsar Co.,Ltd. အနေဖြင့် မန္တလေးမြို့ရှိ အရိုးအကြောဆေးရုံကြီးကိုလည်း လှူဒါန်းထောက်ပံ့မှုများ ထပ်မံပြုလုပ်ခဲ့ပါတယ်...
ရန်ကုန် အရိုးအကြောဆေးရုံကြီးမှတဆင့် မန္တလေး အရိုးအကြောဆေးရုံကြီးသို့ ဆေးဝါးနှင့် ကုသမှုဆိုင်ရာဆက်စပ်ပစ္စည်းများအတွက် Htun Nay Wun Thitsar Co.,Ltd. မှ ငွေကျပ်သိန်း (၂၀၀) ကို (၁. ၄. ၂၀၂၅) နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်...
Htun Nay Wun Thitsar Co.,Ltd. အနေဖြင့် ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို အားတက်သရော ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်သလို သဘာဝဘေးကြုံတွေ့ခံစားနေရတဲ့ပြည်သူများလည်း ဘေးအန္တရာယ်များမှ အမြန်ဆုံးကင်းလွှတ်၍ ထိခိုက်ဒဏ်ရာများ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...